Content note: this statement contains references to violence, murder, and potential war crimes.
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဥ်ကို ဖျက်ဆီးကာ လူများစွာ သေကြေစေ ခဲ့သည့် စစ်တပ်၏ အာဏာသိမ်းမှု စတင်ခဲ့သည်မှာ ယနေ့တွင် နှစ်နှစ်ပြည့်ကာလကို ရောက်ရှိခဲ့ပါပြီ။ အာဏာသိမ်းချိန်ကစပြီး ရက်ပေါင်း ၇၀၀ ကျော်အတွင်း စစ်တပ်က အကြမ်းဖက်မှုများကို တိုးပြီး လုပ်ဆောင်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ကျူးလွန်ခဲ့ရုံသာမက ယခုအခါတွင် ဒီဂျစ်တယ် အသုံးပြုမှုနယ်ပယ်ကိုပါ ချုပ်ကိုင်ရန် ကြိုးပမ်းနေပါသည်။
အမည်ခံ ရွေးကောက်ပွဲတစ်ရပ်ကို ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန် စီစဥ်ကာ စစ်တပ်က ပုဂ္ဂလိက လုပ်ငန်းများ၏ ကူညီမှုဖြင့် အမျိုးမျိုးသော တိုက်ခိုက်မှု နှင့် စောင့်ကြည့်ခြင်း လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်လျက်ရှိပါသည်။
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတစ်ခုလုံးသည် စစ်တပ်၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေပြီး ယခင်က မကြုံဖူးသည့် ထောက်လှန်းစောင့်ကြည့်ရေး လုပ်ငန်းများကို စစ်တပ်က ညွှန်ကြား လုပ်ဆောင် လျက်ရှိသည်။ နိုင်ငံအတွင်း၌ နောက်ဆုံး လည်ပတ် နေခဲ့သော နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်သည့် တယ်လီနော် နှင့် အူရီဒူး ကုမ္ပဏီများက စစ်တပ်နှင့် ဆက်စပ်နေသော ပြည်တွင်းကုမ္ပဏီများ ထံသို့ လက်လွှဲရောင်းချပြီးချိန်ကစ၍ အာဏာသိမ်းစစ်တပ်အားဆန့်ကျင့်သူများကို ဆက်သွယ်ရေး လမ်းကြောင်းမှတဆင့် ခြေရာခံခြင်း၊ ပစ်မှတ်ထားခြင်းနှင့် ကြားဖြတ်စောင့်ကြည့်ခြင်း အစရှိသော လုပ်ငန်းများ အောင်ရွက်ခွင့် အာဏာ ရရှိခဲ့ပါသည်။ ဆိုးရွားသော စစ်တပ်၏ အကြဖ်းဖက် လုပ်ငန်းများအတွက် ဝါဒဖြန့်မှုများကို လိုအပ်သလိုဆောင်ရွက်နိုင်သော အခွင့်အရေးကို လက်ဝယ် ရရှိနေခဲ့ခြင်းလဲ ဖြစ်သည်။ အာဏာသိမ်းမှု မတိုင်ခင်က အစ္စရေးအခြေစိုက် Cognyte Software Ltd, သည် နိုင်ငံပိုင်ဆက်သွယ်ရေးကုမ္ပဏီကို ကြားဖြတ်နားထောင်နိုင်သော spyware တင်သွင်းခွင့်ကို ရရှိခဲ့ကြောင်း မကြားသေးမှီက ထုတ်ပြန်ခဲ့ပါသည်။
စစ်တပ်သည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များကျူးလွန်နေမှုကို ဖုံးကွယ်ရန် အတွက် အင်တာနက် အသုံးပြုမှု ကန့်သတ်ခြင်းကိုလဲ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ စစ်တပ် အာဏာသိမ်းမှုကို တော်လှန်သည့် အဖွဲ့အစည်းများ အင်အားတောင့်တင်းသည့် နေရာများတွင် အင်တာနက်၊ ဝိုင်ဖိုင်၊ မိုလ်ဘိုင်းဖုန်း နှင့် ကြိုးဖုန်း အသုံးမှုများကို မကြာခဏ ပိတ်ဆို့လျက်ရှိသည်။ အစုလိုက် သတ်ဖြတ်ခံရခြင်း၊ လူမဆန်သော အကြမ်းဖက်မှုများ၊ ရွာစဉ်လိုက်မီးရှို့မှုများနှင့် အခြားသော နှိပ်စက်ညှဉ်းပမ်းမှုများ ကျူးလွန်းနေခြင်းကို ဖုံးကွယ်နိုင်ရန်အတွက် ဆက်သွယ်ရေး လမ်းကြောင်းများကို အမှောင်ချ ပိတ်ဆို့လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် အင်တာနက် ဖြတ်တောက်ခံရခြင်းကို မြန်မာနိုင်ရှိ မြို့နယ်အားလုံးက ခံစားခဲ့ရသည်။
အများပြည်သူများအနေဖြင့် အွန်လိုင်းအသုံးပြုလိုက်သည်နှင့် စစ်တပ်၏ အဆက်မပြတ် စောင့်ကြည့် ခံရခြင်း၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခံရခြင်း၊ ခွဲဖြားမှု အခြေပြုသည့် အမုန်းတရား ပြောဆို တိုက်ခိုက်ခံရခြင်း နှင့် အကြမ်းဖက်မှုလှုံဆော်ခြင်းများ၏ သားကောင်အဖြစ် ကျရောက်နေမှုများကို ကြုံနေကြရသည်။ စစ်တပ်နှင့် စစ်တပ် ထောက်ခံသူ များသည် အွန်လိုင်း ပလက်ဖောင်းများကို တစ်ခုနှင့် တစ်ခု ချိတ်ဆက်ကာ မြေပြင်တွင် ကြီးမားသော အန္တရာယ် ဖြစ်စေနိုင်သည့် အမုန်းစကား များနှင့် ဝါဒဖြန့်မှုများကို ပြုလုပ်လျက် ရှိသည်။ Facebook, YouTube, TikTok, နှင့် Telegram, တို့တွင် အကောင့်များစွာ ဖွင့်လှစ်ပြီး ၎င်းတို့၏ ထောက်ခံသူများထံသို့ ဝါဒဖြန့်မှုများကို လွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိသည်။ အကောင့်ဖျက်ဆီး ခံရပါကလဲ အခြားအကောင့်များဖြင့် အစားထိုး အသုံးပြုလျက်ရှိပါသည်။ ဆိုရှယ်မီဒီယာ အသုံးပြုကာ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အများပြည်သူများကို မတရားဖမ်းဆီးမှုများ မကြာခဏ ဆောင်ရွက်လျက်ရှိပါသည်။ Followers ထောင်ပေါင်းများစွာရှိသော Telegram အကောင့်များတွင် ပုဂ္ဂိုလ်တစ်ဦး တယောက်၏ အသေးစိတ် သတင်း အချက်အလက်များနှင့် sex အသားပေး သတင်းများ ဖော်ထုတ်ပြီး အမျိုးသမီးများအား ရုန့်ရင်းကြမ်းတမ်းစွာ ခြိမ်းခြောက်မှုများလည်း ဆောင်ရွက်လျက် ရှိပါသည်။ ယင်းတို့ ပြည်သူများအား တိုက်ခိုက်မှုဖြစ်ဉ်များအတွက် Telegram အနေဖြင့် ထိရောက်သည့် လူ့အခွင့်အရေး ကာကွယ်မှု အစီအစဥ်များ ချမှတ်လုပ်ဆောင်ခြင်း မရှိသေးပေ။
လူတစ်ဦးချင်းစီး၏ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်များကို မတရားရယူကာ စစ်တပ်က ပိုမို အန္တရာယ်ရှိနိုင်သည့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ SIM card နှင့် IMEI များကို တရားဝင်မှတ်ပုံတင်ခိုင်းပြီး လိုက်နာရန် ပျက်ကွက်သူများအား အင်တာနက်နှင့် မိုဘိုင်းလ် ဝန်ဆောင်မှု ရယူခြင်းကို ကန့်သတ်ထားသည်။ တရားဝင်မှတ်ပုံတင်ထားပြီးပါက စစ်တပ်သည် ပြည်သူများ၏ နေရပ်လိပ်စာ၊ တည်နေရာကို အသုံးပြုပြီး mobile payment accounts. အကောင့်များကို ပိတ်ထားပြီး ငွေကြေးအကြမ်းဖက်မှုအဖြစ် အရေးယူလျက်ရှိသည်။
နိုင်ငံတွင် အွန်လိုင်းနှင့် မြေပြင် ၂ ခုစလုံး လူထုလှုပ်ရှားမှုများကို ထိန်းချုပ်စောင့်ကြည့်ခြင်းသည် နေ့စဉ် ဖြစ်ရိုးဖြစ်စဥ်သဘောမျိုး ဖြစ်လာနေသည်။ မျက်နှာကိုမှတ်နိုင်တဲ့ နည်းပညာ (facial recognition) ပါဝင်သော စီစီ တီဗီ နည်းစနစ်များကို အနည်းဆုံး မြို့ကြီး (၁၀) မြို့တွင် တပ်ဆင်ထားပြီး အခြားနေရာများတွင်ပါ တိုးချဲ့တပ်ဆင်လျက်ရှိသည်။ CCTVs များကို Zhejiang Dahua Technology, Huawei Technologies Co Ltd, နှင့် Hikvision ကုမ္ပဏီများမှ ရောင်းချခြင်းဖြစ်ပြီး၊ အဆိုပါ ကုမ္ပဏီများသည် တရုတ်နိုင်ငံ ရှီကျင်းတွင် ကြုံတွေ့ရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ၄င်းတို့က ထုတ်ကုန်များနှင့် နည်းပညာများဖြင့် ပံ့ပိုးပါဝင်သည့် အထောက်အထားများကြောင့် နိုင်ငံတကာမှ ပိတ်ပင်ခြင်းခံရသော ကုမ္ပဏီများလည်း ဖြစ်သည်။ စစ်တပ်မှ ရပ်ရွာအတွင်းရှိ နေအိမ်များကို တရားမဝင် စစ်ဆေးခြင်းနှင့် သွားလာလှုပ်ရှားနေသော ပြည်သူများထံမှ ဖုန်းများကို စစ်ဆေးခြင်း ပြုလုပ်နေသည်ကိုလည်း သိရှိရပါသည်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကိုလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ မှ စတင်ရပ်နားခဲ့ပြီး နိုင်ငံပြင်ပ ခရီးသွားလာခြင်းကိုလဲ ကန့်သတ်ခြင်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုခြင်းကို စစ်တပ်က အာသာ ငန်းငန်း ရယူလိုနေသည် ဖြစ်ရာ အွန်လိုင်းနှင့် မြေပြင် ၂ မျိုး စလုံးရှိ လှုပ်ရှားမှုမှတဆင့် အာဏာသိမ်းမှုကို ခုခံတွန်းလှန်နိုင်ရန် အားသာချက်ရှိသည်။ သို့ရာတွင် ယင်းသို့ ခုခံတွန်းလှန်မှုတွင် ပါဝင်ရန် ပျက်ကွက်ခြင်းများက အသက်ပေါင်းများစွာ ဆုံးရှုံးမှုကို ဆက်လက်ကြုံရနိုင်သည့် အခြေအနေကို ဦးတည်နေပါသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အောက်ပါ အချက်တို့ကို လုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုသည်။
- လူ့အခွင့်အရေးချိုးဖောက်နေသော စစ်တပ်နှင့် စစ်တပ်အား အထောက်အပံ့ပေးနေသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို လူသိရှင်ကြား ရှတ်ချခြင်းနှင့် ဆန့်ကျင့်ခြင်း ပြုလုပ်ရန်၊
- မိမိတို့ သက်ဆိုင်ရာနိုင်ငံ အခြေစိုက် ကုမ္ပဏီများက ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်မှုကို ဖြစ်စေသည့် နည်းပညာများအား မြန်မာစစ်တပ်ကို ရောင်းချနေခြင်း၊ အဆိုပါ ကုမ္ပဏီများ၏ ထုတ်ကုန်နည်းပညာများ တစ်နည်းနည်းဖြင့် မြန်မာစစ်တပ်ထံ လွှဲပြောင်းရောင်းချ နေမှုများကို စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ အ စိုးရများအား တိုက်တွန်းရန်နှင့် ဆက်လက်ရောင်းချခြင်း မပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် တင်းကြပ်သည့် အစီအမံများ ထားရှိရေး တိုက်တွန်းရန်။
- မြန်မာနိုင်ငံအတွင်းတွင် လည်ပတ်လုပ်ကိုင်ပြီး လူ့အခွင့်အရေးကို အလေးထားကာကွယ်ပေးရန် ပျက်ကွက်နေသည့် လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်ရန်။
- လူ့အခွင့်အရေး ကာကွယ်သူများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းနှင့် သတင်းသမားများ အပါအဝင် မြန်မာပြည်သူ ပြည်သားများ ရင်ဆိုင်နေရသော စစ်တပ်၏ အန္တရာယ်မှ ကာကွယ်ရန် အတွက် လိုအပ်သော အထောက်အပံ့များ ပံ့ပိုးဆောင်ရွက်ရန်။
ကုမ္ပဏီများအနေဖြင့် လည်း အောက်ပါတို့ကို လိုက်နာရန် တိုက်တွန်းတောင်းဆိုသည်။
- စစ်တပ်နှင့် စစ်တပ်လက်အောက်ရှိ အဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်ရာ တွင် မိမိတို့၏ ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြုခြင်း မရှိစေရေး ဆောင်ရွက်ရန်၊ အကြမ်းဖက်ဆောင်ရွက်မှုတွင် ပါဝင် ပတ်သက်နေသည့် ဈေးကွက်အတွင်း ရောက်ရှိပြီးသော ထုတ်ကုန်များကို ဖယ်ရှားရန်။
- စစ်တပ်က တိုးမြှင့်ကာ လုပ်ဆောင်လာသည့် စောင့်ကြည့်မှုများ၊ အချက်အလက် စီစစ် ဖြတ်တောက်ခြင်းများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခုခံတန်ပြန်နိုင်ရန် အတွက် လူ့အခွင့်အရေး အခြေခံသည့် အန္တရာယ်ရှိသည့် အကြောင်းအရာများ စိစစ် ဖြုတ်ချခြင်း၊ ဒေတာ အချက်အလက် လုံခြုံရေး နှင့် ပုဂ္ဂလိက အချက်အလက်များကို ကာကွယ်ပေးခြင်း စသည့် လုပ်ငန်းစဥ်များတွင် သိသာ ထိရောက်သည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်။
- ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ မလုပ်ဆောင်မှီ ပြည်သူများနှင့် ချိတ်ဆက် တိုင်ပင် ဆောင်ရွက်ရန် နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေပါက နစ်နာသူ ပြည်သူများ အတွက် ထိရောက်သော ကုစားမှုများ လုပ်ဆောင်ရန်။
လက်မှတ်ထိုးသည့် အဖွဲ့များ
Access Now
ACDD
Article 19
Athan -Freedom of Expression Activist Organization
CIVICUS: World Alliance for Citizen Participation
Digital Resilience Asia (DRA)
Digital Rights Collective
EngageMedia
Enlightened Myanmar Research Foundation (EMReF)
Free Expression Myanmar
Foundation for Media Alternatives
Heartland Initiative
Nar Sin Thu Myar
Nyan Lynn Thit Analytica
Open Observatory of Network Interference (OONI)
Pen America
Reporters without Borders
SAFENet-Southeast Asia Freedom of Expression Network
Sisters2Sisters
Spring Sprouts
Thai Netizen Network
Yuyun Wagyuningrum, Chair and Indonesia Rep to the ASEAN Intergovernmental Commission on Human Rights