အင်တာနက်ပိတ်ဆို့မှုများ အဆိုးဆုံးကြုံရသည့်နှစ် – အာရှပစိဖိတ်ဒေသက ၂၀၂၄ ခုနှစ်အတွက် ရှက်ဖွယ် ကျူးလွန်သူများစာရင်းမှာ ဗိုလ်ဆွဲခဲ့

အင်္ဂလိပ်လို ဖတ်ရန် / Read in English

၂၀၂၄ ခုနှစ်သည် အင်တာနက်ပိတ်ဆို့မှု အဆိုးရွားဆုံး ဖြစ်သည့်နှစ်​အဖြစ် တရားဝင် မှတ်တမ်းဝင်သွားသည်။   စံတန်ဖိုးတွေလျော့ကျဖောက်ပြန်လာသည့် ဒီမိုကရေစီ နိုင်ငံများကစပြီး၊  အကြမ်းဖက်စစ်အာဏာရှင်တွေ ကြီးစီးသည့် နိုင်ငံတွေပါ  ရှိနေသည့် အာရှပစိဖိတ်ဒေသတွင်  အုပ်စိုးသူအာဏာရှင်များက ပြည်သူများ၏ ​အသံကို ထိန်းချုပ်ရန်၊ ​ကန့်သတ်ရန် နှင့် နှိပ်ကွပ်ရန် အတွက် လက်နက်အဖြစ် အင်တာနက်ပိတ်​ဆို့ခြင်းကို ပိုသုံးလာကြသည်။ 

ယနေ့၊ ဖေဖော်ဝါရီ ၂၄  ရက်၊ ၂၀၂၅ ခုနှစ်မှာ ထုတ်ပြန်တဲ့  Access Now နှင့် #KeepItOn ညွန့်ပေါင်းအဖွဲ့ ၏ အစီရင်ခံစာ အသစ်ဖြစ်တဲ့ ပိုပြီး အတင့်ရဲလာသည့် ပြစ်မှုကျူးလွန်သူများ၊  ရှင်သန်ရန်ခက်ခဲလာသည့်  ရပ်ရွာများ – ၂၀၂၄ ခုနှစ်၏ အင်တာနက်ပိတ်ဆို့မှုများ  မှာ –   နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ အာဏာပိုင်များက အနည်းဆုံး ၂၉၆  ကြိမ် အင်တာနက် ပိတ်ဆို့မှု လုပ်ခဲ့သည်ကို ဖော်ထုတ်ထားပြီး၊  အင်တာနက်ပိတ်ဆို့မှုများကြောင့် ကမ္ဘာနှင့် တဝှမ်းမှာ  နယ်စပ်ဖြတ်ကျော် မငြိမ်မသက်မှု​တွေ၊ ပဋိပက္ခအတွင်း ဆိုးရွားလာသည့်  စိတ်ဒဏ်ရာတွေ၊  လူသန်းပေါင်းများစွာ၏ဘဝများအတွင်း ပဋိပက္ခများ ပိုမိုဆိုးရွားလာခြင်း၊ သန်းနှင့်ချီသောလူအများ၏ အသက်အိုးအိမ်စည်းစိမ်  ထိခိုက်ပျက်စီးစေမှုတွေ ဖြစ်စေခဲ့သည် ကို ထုတ်ဖော်ထားသည်။  ၂၀၂၄ ခုနှစ်မှာ အာရှပစိဖိတ်ဒေသရှိ နိုင်ငံ ၁၁ နိုင်ငံ မှာ အင်တာနက်ပိတ်သိမ်းမှုပေါင်း ၂၀၂  ကြိမ် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည့်အတွက် – ဒေသမှာ  တစ်နှစ်တာအတွင်း အင်တာနက်ပိတ်ဆို့ခံရသည့် အကြိမ်ရေ အများဆုံး စံချိန်ဆိုး  မှတ်တမ်းဝင်ခဲ့ပါသည်။  

အင်တာနက်ပိတ်ခြင်းက လူ့အဖွဲ့အစည်းများကို မတည်မငြိမ်ဖြစ်စေတယ်၊ ဒစ်ဂျစ်တယ်တိုးတက်မှုကို ထိခိုက်စေတယ်၊ ဒါ့အပြင် ရပ်ရွာတစ်ခုလုံးကို အန္တရာယ်ဖြစ်စေပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ ပြစ်မှုတွေအတွက် ကျူးလွန်သူတွေ ကြခံရမယ့် ပြစ်ဒဏ်တွေကနေ ကင်းလွတ်ခွင့်တွေရစေပါတယ်။ မြန်မာနိုင်ငံကစပြီး ပါကစ္စတန်နိုင်ငံ အထိ အာဏာပိုင်တွေကို ကြည့်ရင် သူတို့က ပြည်သူလူထုကို ကမ္ဘာနဲ့ အဆက်ဖြတ်ထားတဲ့ အတွက် သူတို့ ကျူးလွန်ထားတဲ့ အပြစ်တွေကနေ ဆက်ကင်းလွတ်ခွင့်တွေရနေကြတာ​ တွေ့ရပါတယ်။ ဒါဟာ အာရှဒေသမှာ ဒစ်ဂျစ်တယ်အာဏာရှင်စနစ် မြင့်တက်လာနေမှုကို ပြဆိုနေတာဖြစ်ပါတယ်။ မည်သည့်နည်းလမ်းနဲ့ ပဲ အင်တာနက် ဖြတ်ဖြတ်ပါ – ကေဘယ်ကြိုးဖြတ်တောက်မှု ဖြစ်ချင်ဖြစ်တယ်၊ ဆက်သွယ်ရေးကုမ္ပဏီတွေကို အမိန့်စာထုတ် ဖြတ်တောက်တာသော်လည်းကောင်း၊ ဒါမှ မဟုတ် စက်ပစ္စည်းတွေ ပိတ်သိမ်းပြီး ဖြတ်တာ လည်း ဖြစ်ချင် ဖြစ်မယ် – ဘယ်သောအခါမှ လက်ခံ လို့မရတဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းက ညီညီညွတ်ညွတ်နဲ့ အင်တာနက် ပိတ်ဆို့ခြင်းကို အပြီးတိုင်အဆုံးသတ်​ဖို့ ချက်ခြင်း လုပ်ဆောင်လို့ လိုပါတယ်။ Access Now မှ အာရှပစိဖိတ်ဆိုင်ရာ မူဝါဒရေးရာ ဒါရိုက်တာ Raman Jit Singh Chima

အဓိက ဒေသဆိုင်ရာ တွေ့ရှိချက်များ-

  • ကမ္ဘာ့ခေါင်းဆောင်များ– မြန်မာ၊ အိန္ဒိယနှင့် ပါကစ္စတန်တို့တွင် စုစုပေါင်းအင်တာနက်ပိတ်ဆို့မှု  အကြိမ် ၁၉၀ ရှိခဲ့ရာ အဆိုပါအရေအတွက်သည်  ၂၀၂၄ ခုနှစ်တွင် မှတ်တမ်းတင်ထားသော ပိတ်သိမ်းမှုအားလုံး၏ ၆၄% ကျော်ရှိသည်။
  • ခေါင်းဆောင်သစ် – ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အင်တာနက်ပိတ်ဆို့မှုပေါင်း ၈၅ ကြိမ်ရှိရာ၊ ကမ္ဘာတွင် အင်တာနက်အကြိမ်အများဆုံး​ ပိတ်ဆို့ခံရသည့် နိုင်ငံဖြစ်လာသည်။  နိုင်ငံရှိ အာဏာရှင်စစ်တပ်က နိုင်ငံအတွင်း အင်တာနက်ပိတ်ဆို့မှု အများဆုံးကျူးလွန်သူဖြစ်သည်။
  • အင်တာနက်ဖြတ်နေသည့် ဒီမိုကရေစီ – အိန္ဒိယတွင် အင်တာနက်ပိတ်မှု ၈၄ ကြိမ်ရှိခဲ့ရာ – အင်တာနက်ပိတ်ရန်  အမိန့်ပေးခဲ့သည့် ဒီမိုကရေစီနိုင်ငံများ အကြားတွင် အိန္ဒိယအာဏာပိုင်များက အခြားဒီမိုကရေစီအစိုးရများထက် အဆိုးမှာ ခေါင်းတစ်လုံးသာခဲ့သည်။ 
  • ကျူးလွန်သူအသစ်များ မလေးရှားနှင့် ထိုင်းတို့သည်လည်း ၂၀၂၄ ခုနှစ်တွင် အင်တင်နက်ပို့ဆို့မှု ကျူးလွန်သူများ စာရင်းတွင် ပါဝင်လာကာ၊  (LGBT+ social networking app  တစ်ခုဖြစ်သည့်) Grindr  ကို မလေးရှားနိုင်ငံကနေ  ဝင်ရောက် အသုံးပြုလို့ မရအောင် ပိတ်ပင်ခဲ့သည်။  ထိုင်းအစိုးရကလည်း  မြန်မာနှင့် လာအိုရှိ လူများအတွက် အင်တာနက် ဝန်ဆောင်မှုကို ဖြတ်တောက်လိုက်ခြင်းများ ၂၀၂၄ ခုနှစ်တွင် လုပ်ဆောင်ခဲ့သည်။ 
  • အကြမ်းဖက်မှုများ – မြန်မာနိုင်ငံတွင် မှတ်တမ်းတင်ထားသော အင်တာနက် ပိတ်ဆို့အရေးယူမှုများ အနက်  ၃၁ ကြိမ်သည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တိုက်ဆိုင်နေပြီး၊ အနည်းဆုံး ၁၇ ကြိမ်သည် စစ်တပ်က အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်မှုများနှင့် ဆက်နွှယ်နေသည်။ တချိန်တည်းမှာပဲ – လူပေါင်း တစ်ထောင်ကျော် သေဆုံးခဲ့သည့်  ကျောင်းသား ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းရာတွင်အကြမ်းဖက် ဖြိုခွင်းမှုများ  လုပ်ဆောင်မှုများထဲက လုပ်ရပ်တစ်ခုအဖြစ်  ဘင်္ဂလားဒေ့ရှ် အစိုးရက အင်တာနက်ပိတ်ဆိုမှုကို   ပိတ်ဆို့မှု ၅ ကြိမ် ကျူးလွန်ခဲ့သည်။  
  • စိုးရိမ်ဖွယ်ရာ ကိစ္စရပ်အသစ်များ  –ထိုင်း နှင့် တရုတ် နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏  အင်တာနက်သုံးစွဲမှုကို စုစုပေါင်း  ၆ ကြိမ် ဖြတ်ခဲ့ပြီး၊ အဆိုပါ အကြိမ်များအနက် တစ်ခုသည်  လာအိုရှိ ပြည်သူများကို ပါ ထိခိုက်စေခဲ့သည်။
လေးနှစ်ဆက်တိုက် အင်တာနက်ပိတ်ဆို့မှုကိုကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၄ မှာလည်း အင်တာနက် ဖြတ်တောက်မှု ကမ္ဘာမှာ အဆိုးရွားဆုံး ကျူးလွန်သူတွေထဲက တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်းတွေကို စစ်အစိုးရက ပြောင်ပြောင်တင်းတင်း လျစ်လျူရှု ချိုးဖောက်နေတာကို ပြဆိုတာ ဖြစ်ပြီး၊​ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အင်အားကို လျော့ချဖို့အတွက်၊ အင်တာနက်ဖြတ်တောက်မှုတွေကို လက်နက်သဖွင် တိုးမြှင့်လုပ်လာနေတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်သံကွန်ချာကန့်လန့်ကာကို ဖြိုဖျက်ပြီး ပြည်သူတွေရဲ့ စစ်အာဏာရှင်ကို တော်လှန်နေမှုကို အနိုင်​ရနိုင်စေဖို့၊ ကမ္ဘာတဝှမ်းက အစိုးရတွေ၊ ပုဂ္ဂလိကကဏ္ဍနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့ ပြတ်ပြတ်သားသား အရေးယူ လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ Access Now ၏ အာရှပစိဖိတ် မူဝါဒ လေ့လာသုံးသပ်သူ ဝေဖြိုးမြင့်

အာရှ ပစိဖိတ်ဒေသတွင် ၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ပိတ်ဆို့မှု​ကြုံခဲ့ရသည့် နိုင်ငံများမှာ  အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ နယူးကယ်လီဒိုးနီးယားနှင့် ပါကစ္စတန်တို့​ ဖြစ်ပါသည်။  

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ပိတ်ဆို့မှု အစီရင်ခံစာ အပြည့်အစုံ နှင့် အင်တာနက်ပိတ်ဆို့မှုစာရင်းများ ကို ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။